·
နှစ်သစ်လကိုကြိုဆိုရန် ဒီဇင်ဘာမှာအပန်းဖြေစေဖို့ အတွက် ငွေဆောင်ကမ်းခြေကိုအပန်းဖြေသွားရန် ခါကာဘိုရာဇီမှ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ
ငွေဆောင်ကမ်းခြေ သဲပြင်မွမွပေါ်သို့ ခြေချမိသောအခါ အေးစိမ့်မှုနှင့်အတူ ပင်ပန်းနွမ်းနယ် သမျှတို့ လွင့်ပြယ်ကုန်ပြီ ဖြစ်သည်။
ကြည်လင်သော အပြာဖျော့ဖျော့ မိုးကောင်းကင်နှင့် မျက်စိတဆုံးမြင်တွေ့ နေရသော စိမ်းပြာရောင် ပင်လယ်ပြင်၊ အုန်းပင် စိမ်းစိမ်းများက မြင်ရသူများအား မျက်စိအေးစေကာ ဘ၀အမောများကိုပင် မေ့ဖျောက်ပေး နိုင်စွမ်းရှိသည်ဟု ဆိုရမည်။
ချောင်းသာကမ်းခြေတွင် လှိုင်းစီးနေသူများ၊ အပမ်းဖြေနေသူများကို ငါး၊ ပုစွန်၊ ကဏန်းများ လိုက်လံ ရောင်းချနေစဉ် (ဓာတ်ပုံ - ကိုခိုင်)
မြို့ပြ၏ နေ့နေ့ညည ဆူညံနေသော မီးစက်သံများ၊ ကားဟွန်းသံများ၊ မီးစက်နှင့် မော်တော်ကားများမှ ထွက်လာသော မီးခိုးငွေ့များ စသည့် အသံပေါင်းစုံ၊ အနံ့ပေါင်းစုံတို့ဖြင့် ကင်းဝေးရာ၊ ပူပင်ရခြင်း သောကများ၊ မကျေနပ် ခြင်းများ၊ ရန်လို တိုက်ခိုက် ခြင်းများမှ လွတ်ကင်းရာ ထို ပင်လယ် ကမ်းခြေ ဒေသသို့ ရောက်ရသူတိုင်း အားလုံး ချမ်းမြေ့ ကြည်နူးကြရသည်။
ခရီးသွား ရာသီရောက်တိုင်း မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများဖြစ်သော ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင်းမှ ချောင်းသာ ကမ်းခြေနှင့် ငွေဆောင် ကမ်းခြေ ဒေသများသို့ လာရောက် အနားယူ အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အလွန် များလာသည်ကို တွေ့မြင်ရသည်။
ဒီဇင်ဘာလမှ စတင်ပြီး ဧပြီလအထိ ငွေဆောင်အပန်းဖြေ ကမ်းခြေရှိ ဟိုတယ် ၁၈ လုံး၊ ချောင်းသာ အပန်းဖြေကမ်းခြေရှိ ဟိုတယ် ၁၃ လုံးနှင့် ဘန်ဂလို ၂၅ လုံးတို့တွင် လူပြည့်လျက်ရှိပြီး လာရောက်အပန်းဖြေနေသည့် ခရီးသွား ဧည့်သည်များမှာလည်း ပြည်ပ ခရီးသွားများက အများစု ဖြစ်ကြောင်း သိရသည်။
ပင်လယ်ကမ်းခြေက သဲမြေမွမွပေါ် နင်းလျှောက် ဆော့ကစားနေကြသူများ၊ ပင်လယ်ပြာကို နောက်ခံထားပြီး ပျော်ပျော်ပါးပါး လှိုင်းစီးနေကြသူများ၊ ကမ်းခြေတွင် ခြေဆင်းထိုင်၍ အုန်းရည်ချို သောက်နေကြ သူများအတွက်ကတော့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများက လောကနိဗ္ဗာန်တခုဟု ဆိုကြသည်။

No comments:
Post a Comment