မိဂဒါဝန်သို့
ဗာရာဏသီမြို့မှ ၆မိုင်ခန့် ကွာဝေးတဲ့ မိဂဒါဝန်သို့ ခရီးဆက်ခဲ့ပါတယ်။ မိဂဒါဝန်သည် မိဂဒါယမှ ပြောင်းရွှေ့ လာသောစကားဖြစ်သည်။ (မိဂ=သမင်၊ ဒါယ=တော) သမင်တို့ကို ဘေးမဲ့ပေးရာတော။ မိဂဒါဝန်သည် မြတ်စွာဘုရား ပထမ၀ါကပ်တော်မူသည်၊ ပဉ္စ၀ဂ္ဂီငါးဦးတို့ ရဟန္တာဖြစ်တော်မူခဲ့သည်၊ ယသသဌေးသားနှင့် သူငယ်ချင်း ၅၄-ဦးတို့ ပထမ၀ါတွင်းမှာပင် တို့ ရဟန္တာဖြစ်တော်မူကြသည်။ မြတ်စွာဘုရားသည် မိဂဒါဝန်သို့ နောက်ထပ် ၃-ကြိမ်ခန့်ကြွတော်မူခဲ့သည်။ဖူးမြော်လေ့လာရန် ဌာနများကတော့-
ဗုဒ္ဓဂါယာဘု၇ားဖူးသွားလိုသောလူကြီးမင်း
များကို ၁.၁.၂၀၁၃ နေ့ မှစရ်ုလက်မှတ်ရောင်းသွားမှာဖြစ်ပြီး တစ်ဦးလျှင် ၈.၅ သိန်းနှုန်းထားဖြင့် သာရောင်းချက်သွားပါမယ်။ ခရီးသွားလိုသူများကြိုတင်အသိပေးအပ်ပါတယ်။
အောက်ပါခလိပ်စာအတိုင်းဆက်သွယ်
လိုက်ပါ။
00951501500 / 0095973257853/........အမှတ်(၃၂)..(၄)လွှာ...ဒဂုံစင်တာ(၁)ရှေ့ ..ရတနာလမ်း...မြေနီကုန်းမှတ်တို င်....စမ်းချောင်းမြို့ နယ်။. ...
(၁) ဓမ္မေခ စေတီ၊
(၂) မူလ ဂန္နကုဋိဝိဟာရ၊
(၃) ချောက်ခဏ္ဍီစေတီ၊
့ မိဂဒါဝန်ဘုန်းကြီးကျောင်းအ၀င်ဝပါ
Click this bar to view the full image.
ဘုန်းကြီးကျောင်းက သမင်တွေဘေးမဲ့ပေးထားတဲ့ ဥယျာဉ်ဘေးမှာပါ။ အခန်းကနေကြည့်ရင် သမင်တွေကို ဒီအတိုင်း မြင်နေရပါတယ်။
ဒါကတော့ ဓမ္မေခ စေတီတော်ပါ။ ဉာဏ်တော်မှာ ၆၀-ခန့်မြင့်၍ တမိုင်ပတ်လည်ကပင်ကောင်းမွန်စွာ မြင်တွေ့နိုင်ပါတယ်
Click this bar to view the full image.
မူလ ဂန္နကုဋိဝိဟာရ အတွင်းရှိ ရုပ်ပွားတော်ပါ။
Click this bar to view the full image.
မူလ ဂန္နကုဋိဝိဟာရပါ။ မြောက်ဘက်ထိပ်တွင် ဗုဒ္ဓရုပ်ပွားတော်နှင့် ဓာတ်တော်တိုက် ရှိသည်။ ကျောင်းတော်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဓာတ်တော်ဖွင့်ပွဲပြုလုပ်သည်။
Click this bar to view the full image.
Click this bar to view the full image.
သာဝတ္တိသို့
ဆက်လက်၍ သာဝတ္တိသို့ ခရီးဆက်ခဲ့ပါတယ်။ ဗာရာဏသီမြို့မှ သာဝတ္တိသို့ကားငှား၍ သွားလျှင်ကီလိုမီတာ ၃၃၀-ကွာဝေးသည်။ ဖူးမြော်ကြည့်ရှုရန်ဌာနများကတော့ -
(၁) ဇေတ၀န်ကျောင်းတော်ရာ၊
(၂) ဒေ၀ဒတ်မြေမျိုသည့်နေရာ၊
(၃) အာနန္ဒာဗောဓိ၊
ဒါကတော့ ဇေတ၀န်ကျောင်းတော်ရာပါ။ ဇေတ၀န်ဆိုသည်မှာ (ဇေတ၀န=ဇေတ=မင်သား၏အမည်။ ၀န=ဥယျာဉ်ပန်းခြံ) ဇေတမင်းသားပိုင်သော ဥယျာဉ်ဟု ဆိုလိုသည်။ အာနန္ဒာဗောဓိပင်သည် ဇေတ၀န်ဥယျာဉ် အတွင်းတွင် တည်ရှိသည်။
Click this bar to view the full image.
Click this bar to view the full image.
ဗုဒ္ဓဂါယာ ခရီး (၁)
လေဆိပ်ကခပ်သေးသေးပါပဲ။ Gaya မြို့ ဟာ ရှေးခေတ်က မာဂဓတိုင်း၊ ယခုခေတ် Biharြ ပည်နယ်ရဲ့ မြို့ တော်ဖြစ်ပါတယ်။
Click this bar to view the full image.
လေဆိပ်ကထွက်ရင်ပဲမြင်ရတဲ့ ရှုခင်းတွေကမြန်မာပြည် အညာဒေသကိုရောက်သွားသလို ခံစားရပါတယ်။
လမ်းဘေး တဘက်တချက်မှာ ထန်းပင်တွေ၊စိုက်ကွင်းတွေ၊ နွားတွေ တွေ့ ရတယ်။
Click this bar to view the full image.
လမ်းပေါ်မှာတော့ ကားတွေက ဟိုမောင်းဒီမောင်း၊ဟွန်းတွေကလည်း တကြီကြီ၊ တကြမ္ကြမ္နဲ ့။ လမ်းပြပုလိပ်က ပြချင်ရာပြ၊ မောင်းတဲ့ သူကမောင်းချင်ရာမောင်း၊ဖုန်တွေ ကလည်း တထောင်းထောင်းနဲ့ ။
ပျော်စရာ...စိတ်ပျက်စရာ...ရောနေတယ်။
Click this bar to view the full image.
မဟာဗောဓိစေတီတော် ပတ်ဝန်းကျင်မှာ မြတ်စွာဘုရား သီတင်းသုံးခဲ့တဲ့  သတ္တသတ္တာဟခုနဌာနရှိပါတယ်။ စေတီတော်အတွင်းမှာတော့ ရုပ်ပွားတော်တစ်ဆူရှိပါတယ်။
မဟာဗောဓိစေတီတော်ဟာ အသောကမင်းကြီးတည်ထားခဲ့တယ်လို့ ဆိုပါတယ်။
Click this bar to view the full image.
Click this bar to view the full image.
ပထမသတ္တဟ၊ ပလင်္ကသတ္တာဟ
Click this bar to view the full image.
Click this bar to view the full image.
မြတ်စွာဘုရား ဘုရားဖြစ်တဲ့ အပရာဇိတပလ္လင်တော်ပါ။ ထိုပလ္လင်ထက်မှာ ၇ရက်ကြာဈာန်သမာပတ်ဝင်စားပြီး ပဋိစ္စသမုတ်ပ္ပါဒ်တရားကိုဆင်ခြင်ပြီး ပလင်္ကသတ္တာဟ စံတော်မူခဲ့ပါတယ်။
ဒုတိယသတ္တဟ အနိမဿ သတ္တဟ
မြတ်စွာဗုဒ္ဓသည် အရဟတ္တဖိုလ်သမာပတ်မှ ထတော်မူပြီး နတ်ဗြဟ္မာတို့ ၏ ယုံမှား မှုကိုဖယ်ခွာရန် ကောင်းကင်သို့ ပျံတက်လျက် ရေမီးစုံ တန်ခိုးပြတော် မူသည်။
ယင်းနောက် သဗ္ဗညုတရွှေဥာဏ်တော်ရရှိရာ မဟာဗောဓိနှင့် အပရာဇိတပလ္လင်တော်ကို မျက်လုံးတော်မမှိတ်ဘဲ ၇ရက်ကြာစူးစူး စိုက်စိုက် ကြည့်ကာ အနိမဿ သတ္တဟ စံတော်မူခဲ့ပါတယ်။
Click this bar to view the full image.
Click this bar to view the full image.
တတိယသတ္တဟ၊ စင်္ကမသတ္တဟ
Click this bar to view the full image.
Click this bar to view the full image.
မြတ်စွာဗုဒ္ဓသည် အပရာဇိတပလ္လင်တော် နှင့်အနိမဿစေတီတို့ အကြား အရှေ့အနောက်အလျားရှိသော နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာ စင်္ကြံ၌ဖလသမာပတ်ဝင်စားရာမှ ၇ရက်မျှစင်္ကြံလျှောက်လျှက် စင်္ကမသတ္တဟ စံတော်မူခဲ့ပါတယ်။
စတုတ္ထ သတ္တဟ၊ ရတနာဃသတ္တဟ
မြတ်စွာဗုဒ္ဓသည် မဟာဗောဓိပင်မှ အနောက်မြောက်ထောင့် အရပ်တွင် နတ်ဗြဟ္မာတို ဖန်ဆင်းအပ်သော ရတနာဃရရွှေစံအိမ်၌ ၇ရက် စံနေတော်မူကာ အဘိဓမ္မာပိဋက ကိုသုံးသပ်ဆင်ခြင်လျှက် ရတနာဃသတ္တဟ စံတော်မူသည်။ ပဋ္ဌာန်းကျမ်း ဆင်ခြင်သောအခါ ရောင်ခြည်တော် ခြောက်စုံ ကွန့် မြူးပေါ်ထွန်းခဲ့ပါတယ်။
Click this bar to view the full image.
Click this bar to view the full image.
ပဉ္စမ သတ္တဟ၊ အဇပါလ သတ္တဟ
မြတ်စွာဗုဒ္ဓသည် မဟာဗောဓိပင်၏ အရှေ့ အရပ်၌တည်ရှိသော အဇပါလေ ခ်ါဆိတ်ကျောင်းညောင်ပင်ရင်းသို့ ကြွတော်မူ၍ ၇ရက်ပတ်လုံး တရားကိုဆင်ခြင်ကာ ဖလသမာပတ်ဝင်စားလျှက် အဇပါလ သတ္တဟ စံတော်မူခဲ့ပါတယ်။
Click this bar to view the full image.
ဆဋ္ဌမသတ္တဟ၊ မုစလိန္ဒသတ္တဟ
မြတ်စွာဗုဒ္ဓသည် ဆိတ်ကျောင်းညောင်ပင်ရင်းမှခွာ၍ မဟာဗောဓိပင်၏ အရှေ့ တောင်ဘက်အရပ်ရှိ မုစလိန္ဒာအိုင်အနီး ကျီးပင်ရင်းသို့ ကြွသွားတော်မူစဉ် အခါမဲ့မိုးကြီးရွာသွန်းခဲ့သည်။
မုစလိန္ဒာ နဂါးမင်းက မိမိကိုယ်ခန္ဓာဖြင့် ၇ပတ်ခွေရံကာပြီး မိုးလေတို့ ဒဏ်မှ ကာကွယ်ရန် အပေါ်မှ ပါးပျဉ်းဖြင့် အုပ်မိုးပေးထားပူဇော်ခ့ပါတယ်။
ထို မုစလန္ဒာအိုင် အနီးရှိ ကျည်းပင်ရင်းတွင် ၇ရက်ကြာအရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက် မုစလိန္ဒသတ္တဟ စံတော်မူခဲ့ပါတယ်။
Click this bar to view the full image.
Click this bar to view the full image.
သတ္တသတ္တဟ၊ ရာဇာယတနသတ္တဟ
မြတ်စွာဗုဒ္ဓသည် ကျည်းပင်ရင်းမှ ဖယ်ခွာပြီးနောက် မဟာဗောဓိပင်၏ တောင်ဘက်အရပ်ရှိ လင်းလွန်းပင်ရင်းသို့ ကြွသွားတော်မူ၍ အရဟတ္တဖိုလ် ချမ်းသာကို၇ရက်ကြာခံစားကာ ရာဇာယတနသတ္တဟ စံတော်မူခဲ့ပါတယ်။
Click this bar to view the full image.
ထို သတ္တမသတ္တဟ၌ ၇ရက်ကြာသွားသည့်အခါ မြတ်စွာဗုဒ္ဓသည် ၀မ်းချုပ်ရောဂါဝေဒနာကိုခံစား တော်မူခဲ့ရပါတယ်။
သိကြားမင်းက ကျဇုသီး၊ ကွမ်းရိုး၊ ဒါန်ပူ၊အနောတတ်ရေများဆက်ကပ်ပါတယ်။ ဥက္ကလာပတိုင်း ပေါက္ခရ၀တီမြို့ မှတဖုဿနှင့် ဘလ္လိကကုန်သည်ညီနောင်တို့ ကဆွမ်းဆက်ကပ်ပါတယ်။
မြတ်စွာဗုဒ္ဓသည် ထိုကုန်သည်ညီနောင်တို့ အား ဒွေ ၀ါစီက သရဏဂုံ တည်စေတော်မူပြီး ဆံတော်ရှစ်ဆူ ပေးသနားတော်မူခဲ့ပါတယ်။
မြတ်စွာဗုဒ္ဓသည် ဗုဒ္ဓဂါယာ မဟာဗောဓိစေတီအနီးတွင် ခုနစ်ရက်၊ ခုနစ်လီ ၄၉ ရက်သီတင်းသုံးတော်မူပြီးနောက် ဗရာဏသီ မိဂဒါဝုန်သို့ ဓမ္မစကြာ တရားဦးဟောရန် ကြွသွားတော်မူခဲ့ပါတယ်။
Click this bar to view the full image.
Click this bar to view the full image.
ဘုရားဘေးမှာတော့ ဘုရားဈေးက အကြီးကြီးပဲ။ လူတွေလည်းအများကြီးပဲ။ ပျော်စရာကြီး။ ဈေးသည်တွေကတော့ အိန္ဒိယလူမျိုးတွေ၊ တိဘက်လူမျိုးတွေ စုံလို့ ပဲ။
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
်
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
ဗုဒ္ဓဂါယာ
ဗုဒ္ဓဂါယာ ခရီး ဆိုတာကလည်း လူတိုင်းက ရေးဖူးပြီးသားမို့ ဘာမှ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။
ဒါပေမယ့် ကိုယ့်ဘလော့ထဲမှာ ခရီးသွားတိုင်း တင်နေကြ ဆိုတော့ ဒီခရီးကိုလည်း ကိုယ့်ခရီးသွား မှတ်တမ်း အနေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
ကျောက်စာနှစ်ချပ် ရှိတဲ့ နေရာပါ။
Click this bar to view the full image.
Click this bar to view the full image.
ဗုဒ္ဓဂါယာဘု၇ားဖူးသွားလိုသောလူကြီးမင်း
များကို ၁.၁.၂၀၁၃ နေ့ မှစရ်ုလက်မှတ်ရောင်းသွားမှာဖြစ်ပြီး တစ်ဦးလျှင် ၈.၅ သိန်းနှုန်းထားဖြင့် သာရောင်းချက်သွားပါမယ်။ ခရီးသွားလိုသူများကြိုတင်အသိပေးအပ်ပါတယ်။
အောက်ပါခလိပ်စာအတိုင်းဆက်သွယ်
လိုက်ပါ။
00951501500 / 0095973257853/........အမှတ်(၃၂)..(၄)လွှာ...ဒဂုံစင်တာ(၁)ရှေ့ ..ရတနာလမ်း...မြေနီကုန်းမှတ်တို င်....စမ်းချောင်းမြို့ နယ်။....
Click this bar to view the full image.
ကြည်ညိုဖွယ်ရာ ကမာကူရ ပုံတူ ဂျပန် ဘုရားကြီးပါ။
Click this bar to view the full image.
Click this bar to view the full image.
Click this bar to view the full image.
ဗုဒ္ဓဂါယာဘု၇ားဖူးသွားလိုသောလူကြီးမင်း
များကို ၁.၁.၂၀၁၃ နေ့ မှစရ်ုလက်မှတ်ရောင်းသွားမှာဖြစ်ပြီး တစ်ဦးလျှင် ၈.၅ သိန်းနှုန်းထားဖြင့် သာရောင်းချက်သွားပါမယ်။ ခရီးသွားလိုသူများကြိုတင်အသိပေးအပ်ပါတယ်။
အောက်ပါခလိပ်စာအတိုင်းဆက်သွယ်
လိုက်ပါ။
00951501500 / 0095973257853/........အမှတ်(၃၂)..(၄)လွှာ...ဒဂုံစင်တာ(၁)ရှေ့ ..ရတနာလမ်း...မြေနီကုန်းမှတ်တို င်....စမ်းချောင်းမြို့ နယ်။....
Click this bar to view the full image.
Click this bar to view the full image.
အပိုင်း(၁)ကို ဆက်လက်ကြည့်ရှူးရန်
ဒီပို့စ်များနှင့်ဓါတ်ပုံများဟာ တစ်ခြားခရီးသွားသူများမှလည်း သူယူဖော်ပြပါသည်။
No comments:
Post a Comment