
ဒီစင်ဘာနှစ်ကုန်ပိုင်းရောက်ပြီ မကြာခင်နှစ်သစ်ကိုကြိုးဆိုရတော့မှာပါ.ချောင်းသာမှာ.ဒီစင်ဘာအပန်းဖြေရန်...ခါကာဘိုရာဇီမှာ ၀န်ဆောင်မှုပေးနေပါပြီ။

ပွဲတော် ရာသီ ကာလများ ပေါ်မူ တည်၍ ကမ်းခြေများ ရှိ ဟိုတယ်များ တည်းခိုခ
နှုန်းထား များမှာ ဈေးနှုန်း ပြောင်းလဲမှု ရှိကြောင်း ဟိုတယ် များ ထံမှ
သိရသည်။ အထူး သဖြင့် ငွေ ဆောင် ကမ်းခြေရှိ ဟိုတယ် များထက် ချောင်းသာ ရှိ ဟိုတယ် အခန်းခ ဈေး နှုန်း များမှာ ရာသီ ပွဲတော်များ အလိုက် အခန်းခ ဈေးနှုန်း ပြောင်းလဲ မှုများရှိ ကြောင်း သိရသည်။
အထူး သဖြင့် ချောင်းသာ ကမ်း ခြေဒေသ သည် ငွေဆောင် ကမ်းခြေ ထက် ပြည်တွင်း
ဧည့်သည် များ အများ ဆုံး သွားရောက် သလို ရုပ်ရှင် ရိုက်ကူး ရေး အဖွဲ့
များမှလည်း ရိုက်ကွင်း များ ရိုက်ကူး ရာတွင် အများဆုံး သွား ရောက်
ရိုက်ကူး သည့် ကမ်းခြေ တစ်ခု ဖြစ်ကြောင်း သိရသည်။ ချောင်းသာ ရှိ
ဟိုတယ်ကြီး များတွင် ဇန်န၀ါရီ အထိ အခန်း ကြိုတင် မှာယူမှုများ ရှိကြောင်း
သိရသည်။
“ဒီဇင်ဘာ ၂၂ ရက် အထိ အခန်း ခနှုန်း ထားကို နှစ်ယောက်ခန်း ဆိုရင် ၄၄,၀၀၀ သတ်မှတ် ထားတယ်။ ဒီရက် ကျော်ရင် ဒီဈေးနှုန်းနဲ့ မရတော့ ပါဘူး။ အခန်းခ နှုန်းကို ပြောင်းလဲ သွားမှာပါ” ဟု ချောင်းသာရှိ Lai Lai ဟိုတယ်မှ သိရသည်။
အဆိုပါ ဟိုတယ်တွင် အနယ် နယ် အရပ်ရပ်မှ ပြည်တွင်း ဧည့်သည် များ လာရောက် တည်းခို လေ့ရှိပြီး အခန်းပေါင်း ၁၀၀ ကျော် ရှိကြောင်း သိရသည်။
ဟိုတယ် Max မှလည်း အခန်း ခနှုန်း ထားများ မပြောင်းလဲကြောင်း အဆိုပါ ဟိုတယ်မှ စုံစမ်း သိရသည်။ “ပိတ်ရက်ရော ဖွင့်ရက်ပါ အခန်းခ နှုန်းထားကို မပြောင်း ပါဘူး။ ပင် လယ် မျက်နှာချင်းဆိုင် နှစ်ယောက် ခန်းဆိုရင်ကျပ် ၆၆,၀၀၀၊ sea view မဟုတ်တဲ့အခန်းဆိုရင် ကျပ် ၄၄,၀၀၀ ပါ” ဟု ဟိုတယ် Max မှ ၀န်ထမ်း တစ် ဦးက ပြောသည်။
ယဉ်ယဉ်လှ


No comments:
Post a Comment