ဒီစင်ဘာလ နှစ်ကုန်ပိုင်းအတွက်
ငွေဆောင်ကိုအပန်းဖြေခရီးသွားနှိုင်ရန်
ခါကာဘိုရာဇီမှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

ငွေဆောင်ကမ်းခြေ အပန်းဖြေ စခန်းကို ၂၀၀၀
ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသာယာဆုံးနှင့် ချစ်စ
ရာအကောင်းဆုံး ကမ်းခြေတစ်ခုဖြစ်သည်။ ပုသိမ်မြို့မှ အနောက်ဘက်သို့ ၄၈
ကီလိုမီတာ(၃၀) မိုင်ခန့် ကွာဝေးပြီး ဘင်္ဂလားပင်လယ်အော်သို့
မျက်နှာမူလျက်ရှိပါသည်။ ကြည်လင်ပြီး အပြာရောင်ရှိသည့် ပင်လယ်ပြင်၊
ဖြူဖွေးသည့် လှိုင်းလုံးများ၊ လှပသည့်သဲသောင်ပြင်များနှင့် သဘာဝအတိုင်း
ညစ်ညမ်းမှုကင်းစင်သည့် ပတ်ဝန်းကျင်များတွင် အား လပ်ရက်အနားယူ
အပန်းဖြေမည့်သူများအတွက် အမှန်တကယ် ရွေးချယ်ပြီး သွားရောက်သင့်သည့်
နေရာတစ်ခု ဖြစ် သည်။

မြောက်ဘက်ဇီးမော်မှ တောင်ဘက်မကျီးမော် ထိရှည်လျားသည့်
ငွေရောင်ကမ်းခြေမှာ (၁၅) ကီလိုမီတာ (၁၀မိုင်နီးပါးခန့်) ရှည်လျားပါသည်။
ငွေဆောင်ကမ်းခြေ၏ သဘာဝအလှဆွဲဆောင် မှုများမှာ အပူပိုင်းသစ်တောကြီး
များနှင့် ရခိုင်ရိုးမနောက်ခံနှင့်အတူ အပြာရောင်ပင်လယ်ပြင်၊
ကျယ်ပြန့်ရှည်လျားသည့် သဲသောင်ပြင်၊ ငွေရောင် သဲမှုန် များနှင့်
သာယာလှပသည့် ကျောက်ဆောင် ကျောက်တန်းများပင်ဖြစ်ပါသည်။။

ကမ်းခြေတစ်လျှောက် သဘာဝနှင့် သဟဇာတဖြစ်အောင် ဆောက်လုပ်ထားသည့်
ဟိုတယ်များ၌လည်း ကျွမ်းကျင် သည့် ဟိုတယ်ဝန်ထမ်းများက သင်၏လိုအပ်ချက်များကို
ဂရုစိုက် ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။ အဆိုပါ ဘန်ဂလို (ဟိုတယ်)များမှာ
အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများဖြင့် နိုင်ငံခြားခရီးသွား
ဧည့်သည်များနှင့် ပြည်တွင်းဧည့် သည်များအတွက် ငြိမ်သက်အေးချမ်းသည့်
နိဗ္ဗာန်ဘုံသဖွယ် အပန်းဖြေနိုင်အောင် ဆောင်ရွက်ပေး နိုင်ပေမည်။ သဲ
သောင်ပြင်တွင် ပျော်ရွှင်စရာ ကစားနည်းများဖြင့် ကစားနိုင်ခြင်း၊ အသက်ကယ်
ဗော်ယာနှင့် အမြန် ရေယာဉ်ငယ်တို့ဖြင့် ပင်လယ်ပြင်တွင် ကစားနိုင်ခြင်း၊
ကမ်းခြေတစ်လျှောက် စက်ဘီးစီးခြင်းနှင့် မြင်းစီးခြင်းဖြင့်တို့ ဖြင့်လည်း
အနားယူနိုင်ပါ သည်။
ပူပင်သောကများ စိုးရိမ်စိတ်များကိုဖြေဖျောက်ရန်နှင့်
ကိုယ်စိတ်နှစ်ဖြာ ပြန်လည်ကျန်းမာ ရွှင်လန်းလာစေရန် ရံဖန် ရံခါ
အနားယူအပမ်းဖြေသင့်သည်မှာ လူသားတို့၏ လိုအပ်ချက်တစ်ရပ်ပင် ဖြစ်ပါသည်။
ကုန်သွားသော ဘက်ထရီကို ပြန်လည်အားသွင်းခြင်း၊ ကုန်ခမ်းသွားသော energy ကို
ပြန်လည်အားဖြည့်ခြင်း စသည်တို့မှာ အမှန်တကယ် လိုအပ် ချက်
တစ်ရပ်ပင်ဖြစ်ပါသည်။
အုန်းပင်တန်းများအလယ် လေညှင်းများနှင့်အတူ အမှတ်ရစရာ၊
ကမ်းခြေငွေဆောင်မှ အပမ်းဖြေလိုသူများ ဧည့်သည်များကို နွေးထွေးလှိုက်လှဲစွာ
ကြိုဆိုလျက်ရှိပါသည်။
No comments:
Post a Comment